Monday, October 3, 2016

အင်းဝ အပ်ချုပ်ဆိုင် ကိစ္စ တိုတိုနဲ့လိုရင်း ပြောရအောင် ၊ ဆုပေး ဒဏ်ပေးပေါ့ ၊ ၁ ။ စိတ်ရောကိုယ်ပါ ကနဦး ဖေါ်ထုတ်ပေးခဲ့သူ ကိုဆွေဝင်း ကို ဆုတစ်ခုခု ချီးမြှင့်သင့်တယ် ၊ မင်းအော့သရီးယ ဘာညာ ပေါ့ ၊ သူဟာ လူ့အခွင့်အရေး ဆုတစ်ခုခုနဲ့ထိုက်တန်သူဖြစ်တယ် နှောင်းလူတွေ နမူနာယူစေဘို့ ဆုတစ်ခုခုပေးသင့်ပါတယ် ။ ၂ ။ ရဲကို ပထမသွားတိုင်တော့ နှစ်ပါတ်ကြာသည်အထိ လှုပ်ရှားမှု့မလုပ်ခဲ့ဘူး လို့ဆိုတယ် ၊ နောက်မှ ကော်မရှင်ကိုတိုင်လို့ ဟိုမေးဒီစစ်လုပ်နေတဲ့အခါ တရာခံများထွက်ပြေးလွတ်မြောက်စေခဲ့အောင် အချိန်ဆွဲပေးခဲ့တယ်လို့ ယူဆရတယ် ဒါကြောင့် အဲဒီရဲ ကို ဌာနတွင်း လုပ်ထုံးနဲ့အညီ ခုံရုံးဖွဲ့စစ်ဆေးပြီး ထိုက်သင့်သလို ရာထူးချတာ နယ်ပြောင်းတာ စသဖြင့် အရေးယူသင့်တယ် ။ ၃ ။လူ့အခွင့်ရေး ကော်မရှင်ဟာ ပထမ အရေးမယူခဲ့ဘူး ညှိနိုင်းပေးခဲ့တယ် ကြည့်ရတာ ပြစ်မှု့ရဲ့အတိမ်အနက်ကို အမှန်တကယ်မသိဘူးလို့ယူဆတယ် အောက်ခြေကွင်းဆင်းလေ့လာဟန်မရှိဘူး ရုံးထိုင်လေ့လာယုံလောက်နဲ့ အပြည့်အစုံမသိနိုင်ဘူး နိုင်ငံတကာမှာတော့ဘယ်လိုဆိုပြီး အာလူးဖုတ်တဲ့ လူအိုတွေဘဲများနေတယ် လက်တွေ့ကွင်းဆင်းလေ့လာထောက်လှမ်းမယ့် တက်ကြွသူလူငယ် လူလတ် တွေမပါဘူး ၊ တပ်မမှုးအပါအဝင် တပ်မတော်သား ၅ ယောက်ကိုတောင်ထောင်ချခဲ့သေးတယ် ဒါလေးက အသေးအမွှားပါ လို့ ယူဆနေတာလည်းဖြစ်နိုင်တယ် ၊ ဒီကိစ္စမှာ ကော်မရှင်ဟာ ပေါ့လျှော့ခဲ့တယ် ၊ ( ရဲကတော့ပိုပေါ့လျှော့တာပေါ့) ၊ ဒါကြောင့် ဒီကော်မရှင်ကို အသစ်ပြန်ဖွဲ့စည်းသင့်တယ် ၊ ဒီလိုပြန်ဖွဲ့စည်းဘို့ ကော်မရှင်က ဂုဏ်သိက္ခါရှိရှိ မိမိတို့ကိုယ်တိုင် နူတ်ထွက်သွားသင့်တယ် ဘာလို့ဆိုတော့ ဥပဒေအရ ပြစ်မှု့ကျူးလွန်သူကို သက်သာရာရစေကြောင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကပေါ်လွင်နေလို့ဘဲ။ ၄ ။ နောက်ပြီး အရင်ဦးသိန်းစိန်အစိုးရဖွဲ့စည်းပေးခဲ့တဲ့ လဒ်စားမှု့တိုက်ဖျက်ရေး ကော်မရှင် တို့ လူ့အခွင့်အရေးကော်မရှင်တို့ စသဖြင့် တွေအားလုံးကို အသစ်ပြန်ဖွဲ့သင့်တယ် အတွေ့အကြုံရှိတဲ့ လူကြီးတွေနဲ့တင်မဟုတ်ဘဲ တက်ကြွသူလူငယ် လူလ ။

အင်းဝ အပ်ချုပ်ဆိုင် ကိစ္စ  တိုတိုနဲ့လိုရင်း ပြောရအောင် ၊
ဆုပေး ဒဏ်ပေးပေါ့ ၊
၁ ။ စိတ်ရောကိုယ်ပါ ကနဦး ဖေါ်ထုတ်ပေးခဲ့သူ ကိုဆွေဝင်း ကို ဆုတစ်ခုခု ချီးမြှင့်သင့်တယ် ၊ မင်းအော့သရီးယ ဘာညာ ပေါ့ ၊ သူဟာ လူ့အခွင့်အရေး ဆုတစ်ခုခုနဲ့ထိုက်တန်သူဖြစ်တယ် နှောင်းလူတွေ နမူနာယူစေဘို့ ဆုတစ်ခုခုပေးသင့်ပါတယ် ။
၂ ။ ရဲကို ပထမသွားတိုင်တော့ နှစ်ပါတ်ကြာသည်အထိ လှုပ်ရှားမှု့မလုပ်ခဲ့ဘူး လို့ဆိုတယ် ၊ နောက်မှ ကော်မရှင်ကိုတိုင်လို့ ဟိုမေးဒီစစ်လုပ်နေတဲ့အခါ တရာခံများထွက်ပြေးလွတ်မြောက်စေခဲ့အောင် အချိန်ဆွဲပေးခဲ့တယ်လို့ ယူဆရတယ် ဒါကြောင့် အဲဒီရဲ ကို ဌာနတွင်း လုပ်ထုံးနဲ့အညီ ခုံရုံးဖွဲ့စစ်ဆေးပြီး ထိုက်သင့်သလို ရာထူးချတာ နယ်ပြောင်းတာ စသဖြင့် အရေးယူသင့်တယ် ။
၃ ။လူ့အခွင့်ရေး ကော်မရှင်ဟာ ပထမ အရေးမယူခဲ့ဘူး  ညှိနိုင်းပေးခဲ့တယ် ကြည့်ရတာ ပြစ်မှု့ရဲ့အတိမ်အနက်ကို အမှန်တကယ်မသိဘူးလို့ယူဆတယ် အောက်ခြေကွင်းဆင်းလေ့လာဟန်မရှိဘူး ရုံးထိုင်လေ့လာယုံလောက်နဲ့ အပြည့်အစုံမသိနိုင်ဘူး နိုင်ငံတကာမှာတော့ဘယ်လိုဆိုပြီး အာလူးဖုတ်တဲ့ လူအိုတွေဘဲများနေတယ် လက်တွေ့ကွင်းဆင်းလေ့လာထောက်လှမ်းမယ့် တက်ကြွသူလူငယ် လူလတ် တွေမပါဘူး ၊ တပ်မမှုးအပါအဝင် တပ်မတော်သား ၅ ယောက်ကိုတောင်ထောင်ချခဲ့သေးတယ် ဒါလေးက အသေးအမွှားပါ လို့ ယူဆနေတာလည်းဖြစ်နိုင်တယ် ၊ ဒီကိစ္စမှာ ကော်မရှင်ဟာ ပေါ့လျှော့ခဲ့တယ် ၊ ( ရဲကတော့ပိုပေါ့လျှော့တာပေါ့) ၊ ဒါကြောင့် ဒီကော်မရှင်ကို အသစ်ပြန်ဖွဲ့စည်းသင့်တယ် ၊ ဒီလိုပြန်ဖွဲ့စည်းဘို့ ကော်မရှင်က ဂုဏ်သိက္ခါရှိရှိ မိမိတို့ကိုယ်တိုင် နူတ်ထွက်သွားသင့်တယ် ဘာလို့ဆိုတော့ ဥပဒေအရ ပြစ်မှု့ကျူးလွန်သူကို သက်သာရာရစေကြောင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဆောင်ချက်တွေကပေါ်လွင်နေလို့ဘဲ။
၎ ။  နောက်ပြီး အရင်ဦးသိန်းစိန်အစိုးရဖွဲ့စည်းပေးခဲ့တဲ့ လဒ်စားမှု့တိုက်ဖျက်ရေး ကော်မရှင် တို့ လူ့အခွင့်အရေးကော်မရှင်တို့ စသဖြင့် တွေအားလုံးကို အသစ်ပြန်ဖွဲ့သင့်တယ် အတွေ့အကြုံရှိတဲ့ လူကြီးတွေနဲ့တင်မဟုတ်ဘဲ တက်ကြွသူလူငယ် လူလတ် ၊ ၈၈ မျိုးဆက် ဘာညာ တွေနဲ့ပြင်ဆင် ဖွဲ့စည်းသင့်တယ်လို့ အကြံပြုခြင်ပါတယ် ။

No comments:

Post a Comment