Monday, October 3, 2016

မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ရခြင်းအကြောင်း"

မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ရခြင်းအကြောင်း"
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မလေးရှားနိုင်ငံ၏အကျယ် အ၀န်းမှာ
စတုရန်းမိုင် (၁၂၇၃၁၆) ဖြစ်ပြီး။နိုင်ငံ၏မြို့တော်မှာ “ကွာလာလမ်ပူ”ဖြစ်သည်။
၁၉၉၂ ခုနှစ်ဇူလိုင်လတွင် ကောက်ခံထားသည့်မှတ်တမ်းများအရ
လူဦးရေ ၂၂.၂သန်းရှိသည်။

မလေးရှားနိုင်ငံ၏ နောက်ခံသမိုင်းမှာ တရုတ်နွယ်များမှဆင်းသက်လာကြခြင်း ဖြစ်သည်။ B.C,1500,2000 .ခန့်တွင် မွန်ဂိုနွယ်ဖွားတရုတ်များသည် မလေးကျွန်းဆွယ်ရှိ ကျွန်းစုများသို့ ရောက်ရှိအခြေချခဲ့သည်မှ မလေးနိုင်ငံ
စတင်ခဲ့ခြင်းဖြစ်သည်။

ထိုမွန်ဂိုတရုတ်များသည် မလေးကျွန်းစွယ်ကို မလက္ကာမြို့ပြတည်ထောင်၍ အုပ် ချုပ်ခဲ့ကြသည်။ ထိုသို့မလက္ကာမြိုကပြတည်ထောင်၍ အုပ်ချုပ်ခဲ့ကြသည့် ဘုရင်တို့အားလည်း မလ က္ကာဘုရင်များဟု ခေါ်ဆိုခဲ့ကြ၏။ ထိုအချိန်ကာလ၌ မလေးကျွန်းစွယ်သည် “မလ္လာယုနိုင်ငံတော်”ဟု အမည်တွင်ခဲ့၏။
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C, 309, ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနှစ်ပေါင်း (၂၅၀)အကြာ တတိယင်္ဂါယနာတင်ပြီးချိန်မှ စတင်၍ ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင်ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆခဲ့ကြလေသည်။

တိကျခိုင်လုံသောသမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ် (၉၀၀) နှင် (၁၀၀၀)အတွင်း ခရစ်နှစ်၎-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ၌အသုံးပြုသောသက္ကတဘာသာဖြင့်ရေးထိုး သည့်သောဗုဒ္ဓဘာသာကျမ်းစာကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင်တွေ့ရှိရပါသည်။

ထို့အပြင် အဘိဓမ္မာကျမ်းမှ ဂါထာတော် သုံးပုဒ်အား ရေးထိုးထားသည့် ရွှံ့အုတ်ချပ်ကိုလည်း တွေ့ရှိရပြီး၊ အုတ်ကျောင်းတိုက်၃-တိုက်နှင့် စေတီတော် (၅)ဆူကို ဘုရင်နှင့် သံဃာတော်များကြီးမှု၍ ပြည်သူ၊ပြည်သား၊ဒကာ၊ဒကာမအများစုပေါင်းကာလှုဒါန်းတည်ဆောက်ထားခဲ့ကြကြောင်း ရေးထိုး ထားသည့် ကမ္ဗည်းမော်ကွန်းကိုလည်းတွေ့ရှိခဲ့ကြပါသည်။ နခွန်ရှရီဓမ္မရာဇ် ခေါ် နခွန်ရှရီ တမ္မရတ် ဘွဲ့တော်ရှိသည့် စေတီတော်ကြီးကိုလည်းတွေရှိရသဖြင့် ခရစ်နှစ်(၅)ရာစုခန့်ကပင် မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွားနေပြီး နေလိုလလိုထွန်းပခဲ့ကြောင်း သိရှိရပေသည်။

တရုတ်သုတေသီရဟန်းတော် အီချင်း၏ (၇)ရာစုကုန်ခါနီး သွားရောက်ခဲ့သည့် သီရိဝိဇယနိုင်ငံခရီးသွားမှတ်တမ်းတွင် “သီရိဝိဇယ (ခ) အင်ဒိုနီးရှားနိုင်ငံတွင် ဗုဒ္ဓသာသနာတော်လွန်စွာ ထွန်းကားနေပြီး ရေမြေဆက်စပ်လျှက်ရှိသည့် မလ္လာယုကျွန်း (ခ) မလေးရှားနိုင်ငံစသော နိုင်ငံများသို့ လည်း ဗုဒ္ဓသာသနာတော်ဖြန့်ဝေပေးနေပြီး” ထေရ၀ါဒကိုအဓိကထားလက်ခံကျင့်သုံနေပြီး မဟာယာန ၀ါဒအနည်းငယ်ရှိကြောင်းကို မှတ်တမ်းတင်ထားပါသည်။
ပုဂံပြည်ခေါ် မြန်မာနှင့် မလ္လာယုကျွန်းခေါ် မလေးရှားနိုင်ငံ တို့အကြားဘာသာရေးဆက်နွှယ်မှုများကိုလည်း တွေ့ရှိရပါသည်။

A.D,11. ရာစုခန့်တွင် ပုဂံနေပြည်တော်မှ သီဟိုဠ်တွင်ပရိယတ္တိပညာများသင်ကြားခဲ့သည့် “အရှင်ဆပ္ပဒမထေရ်”သည် (၁၀)၀ါအရတွင် ပုဂံနေပြည်တော်သို့ပြည်လည်ကြွချီတော်မူလာပြီး သီဟိုဠ် မှ “အရှင်သီဝလိ၊အရှင်တာမလိန္ဒ၊အရှင်အာနန္ဒာ၊ အရှင်ရာဟုလာ”ဟူသောမထေရ်လေးပါးကို ပုဂံနေ ပြည်တော်သို့ပင့်ဆောင်ခဲ့ပါသည်၊ နောက်တွင်အရှင်ရာဟုလာသည် ပုဂံနေပြည်တော်မှ မလ္လာယုကျွန်း မလေးရှားသို့ကြွရောက်ပြီး ၀ိနည်းတရားတော်ကိုတတ်သိနားလည်ရန် ဆန္ဒပြင်းပြနေသော မလ္လာယု ဘုရင်အား ခုဒ္ဒသိက္ခာဝိနည်းကျမ်းကို အဖွင့်ဋီကာကျမ်းနှင့်တကွသင်ပေးခဲ့၏။ ထိုမလ္လာယုဘုရင်သည် ၀ိနည်းကျမ်းတော်သင်ပေးသည့် မိမိဆရာအရှင်ရာဟုလာအား ပတ္တမြားသပိတ်တော်ကိုလှုဒါန်းလေ၏။

ထိုမလ္လာယုဘုရင်ဝိနည်းတော်သိကြားနေချိန်တွင် ပုဂံနေပြည်တော်တွင် နရပတိစည်သူမင်းကြီး ထီးနန်းစံတော်မူနေချိန် သာသနာတော်နှစ်(၁၇၀၀)ခန့်တွင်ဖြစ်ပါသည်။
A.D,15 ရာစုနှောင်းပိုင်းတွင်အာရတ်နွယ်ဖွား မူဆလင်တို့သည် ကုန်သွယ်ခြင်းအကြောင်းပြချက်ဖြင့် ထိုမလ္လာယုကျွန်းနိုင်ငံတော်အတွင်းသို့ဝင်ရောက်လာကြပြီး၊အစပိုင်းတွင် မူဆ လင်တို့သည် ဒေသခံဗုဒ္ဓဘာသာတို့အား အလျှော့ပေါင်းသင်းကာ သဘောထားပြည့်သူကဲ့သို့ အယောင်ဆောင်၍ ဗုဒ္ဓဘာသာဘုရင်နှင့် ဘုရင်နှင့်နီးစပ်သူများအား ပေါင်းသင်း၍ ၄င်းတို့မျက်နှာရအောင် အား ထုတ်ကြလေသည်။

တဖြည်းဖြည်းနှင့် ၄င်းတို့အရာရောက်လာကြသည့်အခါ ဗုဒ္ဓဘာသာတို့အား သွေးခွဲခြင်း၊
သွေးထိုးခြင်းများပြုလုပ်၍၊ နောက်ပိုင်းတွင် ထိုကုန်သည်များမှ မူဆလင်တို့အား အလုံးအရင်းဖြင့်ခေါ် ယူ၍ ဗုဒ္ဓဘာသာနိုင်ငံတော်များဖြစ်ကြသည့် သီရိဝိဇယနိုင်ငံ(အင်ဒို) နှင့် မလ္လာယုကျွန်း(မလေး)တို့ကို စစ်တိုက်သိမ်းပိုက်လိုက်ကြ၏။ သတိလက်လွတ်ကြောင့်ကြမဲ့နေကြသော ဗုဒ္ဓဘာသာတို့မှာ မူဆလင် တို့၏ ဓါးဖျားဝယ် မရှုမလှအသတ်ခံကြရ၏။
ဒေသခံဗုဒ္ဓဘာသာသမီးမျိုတို့အား မူဆလင်တယောက်လျှင် အနည်းဆုံးလေးယောက်ယူ၍ မူဆလင်ဦးရေးများပွားစေရန် သားဖောက်ခြင်းများကိုပြုလုပ်ကြ၏။

မူဆလင်ဦးရေများပြားလာသောအခါ အာဏာပိုင်ဘုရင်မှာလည်း မူဆလင်ဘုရင်ဖြစ်လာကာ နောက်ဆုံး မလ္လာယုကျွန်းတွင် ဗုဒ္ဓသာသနာ တော်မှာ ကွယ်ပျောက်လုနီးပါးဖြစ်ခဲ့ရပါသည်။
ယနေ့မလေးရှားနိုင်ငံ၏ ဗုဒ္ဓဘာသာရပ်တည်နိုင်ရန်အတွက် အဓိက ကျားကန်ပေးထား သည် မှာ

No comments:

Post a Comment