Monday, October 3, 2016

လက်မထပ်ရသေးခင် မိန်းကလေးများ ချစ်သူကို အလိုမလိုက်ပါနဲ့နော

လက်မထပ်ရသေးခင် မိန်းကလေးများ ချစ်သူကို အလိုမလိုက်ပါနဲ့နော်
(ဖတ်ကြည့်ပါ၊ အရမ်းကောင်းပါတယ်)
☺▬♥▬☻▬♥▬☺▬☻▬♥▬☺▬♥
လက်မထပ်ရသေးငြား တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား လွဲမှားခဲ့သော်
အရှက်ရလိမ့် ။ ။ ။

လက်မထပ်ရသေးငြား တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့် ။

လက်မထပ်ရသေးငြား အခွင့်အရေး
များမပေးနှင့် ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော် အကျိုးနည်းလိမ့် .......

လက်မထပ်ရသေးငြား မည်သို့မည်ပုံ
ယုံအောင်လှည့်ဖျား အတည်ယူမည်
ဘယ်သို့ယူမည် ကြည်ဖြူပါဟု
သွေးသားအမှု ခံခဲ့လေသော်
မယုံမှားနှင့် ကိလေသာစိတ်
ခဏသာယာ ပြီးခဲ့လေသော်
နောင်တတရား ရင်ဝယ်ပိုက်
ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့် ။ ။ ။

မိန်းခလေးများအထူးသဖြင့် အချစ်ကြီးတာသက်သက် လိုက်လျောတာ
အားနာတာသက်သက်မလိုက်လျောအားမနာလို့ ကိုယ့်ကိုပစ်
သွားတော့လည်းဂျောင်းပေါ့ကွယ် တကယ်ချစ်ရင် အဲဒါကြောင့်တော့
ကိုယ့်ကိုထားမသွားနိုင်ပါဘူး ဟုတ်တယ်မလား??

ညီမငယ် အမကြီးများ မိမိရဲ့တန်ဖိုးရှိတဲ့ဘဝကို
တန်ဖိုးရှိတဲ့အချိန်မှသာ ပေးအပ်သင့်ပါတယ်
အချိန်မတိုင်ခင်ပေးရင်တန်ဖိုးကျတယ် တန်ဖိုးမဲ့တယ်
တန်ဖိုးကျရင်ကိုယ့်ကိုအထင်သေးတယ် ပြီးရင်သူတို့က
စွန့်ပစ်သွားကြရောလေ။

No comments:

Post a Comment