Monday, October 3, 2016

လက်မထပ်ရသေးဘဲနဲ့ fb မှာ ကိုယ့်ချစ်သူပုံနဲ့ နှစ်ယောက်တွဲတင်ခြင်းက

လက်မထပ်ရသေးဘဲနဲ့ fb မှာ ကိုယ့်ချစ်သူပုံနဲ့
နှစ်ယောက်တွဲတင်ခြင်းက ဓားသွားထက်မှာ
လမ်းလျှောက်နေရတာနဲ့တူတယ် . . .

တစ်ကယ်လို့သာ ကံကြမ္မာကလှည့်စားသွားခဲ့ရင်
ပထမဆုံးထိရှမှာက ကိုယ့်နှလုံးသားတွေမဟုတ်ဘူး
မာနနဲ့ သိက္ခာတွေပဲ

နှလုံးသားတွေနာမကျန်းဖြစ်တာက တိတ်တဆိတ်လေး
ငိုကြွေးလို့ရတယ် ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင်
ဘဝက တံတွေးခွက်မှာပက်လက်မျောပြီ

ချစ်တာကိုလက်ခံပါတယ် ဒါပေမယ့် နားလည်မှုဆိုတဲ့
အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြသူတွေက
မျက်စိရှေ့မှာတင် တစ်ပုံကြီးလေ

အထူးသဖြင့် ဆယ်ကျော်သက်ရွယ် ညီမလေးများကို
ပို သတိပေးချင်တာပါ ချစ်တတ်စမှာ ရှေ့နောက်မမြင်ဘဲ
အပျော်လွန်ပြီး နှစ်ယောက်ပုံတွေ တင်ကြလေ့ရှိတယ် . . .

မဆုံဖြစ်ခဲ့ရင် ပထမဆုံး နစ်နာမှာက မိန်းကလေးသာလျှင်
ဖြစ်ပြီး နောက်တစ်ယောက်ချစ်တဲ့အခါ...အချစ်စစ်နဲ့တွေ့
တဲ့အခါ အရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါ . . .
ချစ်တာကို လက်ခံလို့ရပါတယ် ဒါပေမယ့် လက်မထပ်ရ
သေးခင်အထိ နှစ်ယောက်တွဲပုံကို FB လို ကျယ်ပြန့်လှ
တဲ့ လူမှုကွန်ယက်မှာ မတင်စေလိုပါ . . .

လက်ထပ်ပြီးသွားရင် တင်ပါ ပြုံးပျော်နေတဲ့ဘဝလေး
တွေကို အားကျအတုယူရင်း Like တွေ Ment တွေ
အားပါးတရ ထိုင်ပေးနေပါ့မယ်                                                       
တစ်ကယ်တော့ Fb မှာ နှစ်ယောက်တွဲတင်ရမှ အချစ်စစ်
ဖြစ်လာမှာမဟုတ်ပါဘူး အဲဒါဆို အဘိုးအဘွားတွေလက်
ထက်မှာ ဘာမှမရှိခဲ့လို့ ကျနော်တို့ လူဖြစ်လာပါ့မလား

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပာယ်ရှိသလို
ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းမှ အဲဒီဘဝက
ပိုတန်ဖိုးရှိတယ် . . .

ချစ်သူက FB မှာ နှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင်
ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ
သူ့အချစ်က နဲနဲရူးမိုက်နေလို့ပဲ

အချစ်စစ်က နှလုံးသားမှာပဲရှိပါတယ်
သစ္စာတရားက အသိဥာဏ်မှာ ခို ဝင်ပါတယ်
fb မှာ ရှိနေတာ မဟုတ်ပါဘူး . . .

လူဆိုတာ လွတ်လပ်စွာကွဲလွဲခွင့်ရှိကြပါတယ်
ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာက အဓိကကျလဲ
ဆိုတာ စဉ်းစားတွေးခေါ်တတ်ပါစေ . . .

FB သုံးနေတဲ့ ညီမငယ်လေးများ အမှန်တရားကို
ထွေးပိုက်ရင်း အနာဂတ်မှာ အပြစ်ကင်းစွာနဲ့ ကမ္ဘာကို
ကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများဖြစ်ကြပါစေ . .

No comments:

Post a Comment