Monday, October 3, 2016

မောင်ဖတ်ဖို့

မောင်ဖတ်ဖို့
*********
နှင်းဆက်ပေးအပ် ယုံကြည်တဲ့ချစ်ခြင်း
အပြစ်ကင်းစေချင်တယ်ကွယ်………

အနေဝေးလို့ဆိုတဲ့ အကြောင်းတရားနဲ့
သစ္စာတွေပျက်မှာ မလိုချင်
်အပိုမြင်တာမဟုတ်ရပါ……

တကယ်ချစ်လို့ ယုံကြည်ပေးတာကို
လက်နှီးစုတ်လို ချောင်မှာထိုး
လိုမှ သုံးရအောင် ကျွန်မ
နှလုံးသားက လက်ဆေးရေမှ
မဟုတ်တာမောင်……

ဖြစ်ချင်တွေစိတ်ကူးယဉ်တတ်ပေမယ့်
ဖြစ်နိုင်တာကို ဆုံးဖြတ်ရဲတယ်မောင်
ပေးဆပ်ခြင်းက မြင့်မြတ်တယ်တဲ့
နေပါစေတော့ တော်ရာမှာ
ပျော်သလို့ပေါ့ မောင်……

မောင် တန်ဖိုးမထား
အလေးမထားခဲ့တဲ့
အနွေးထည်လေးတစ်ထည်က
သူတပါးအတွက်
အဖိုးများစွား ထိုက်တန်ချိန်မှ
မောင် အေးပြချမ်းပြနေလည်း
အပိုပဲ မောင်

No comments:

Post a Comment